တနိုင်းမြို့နယ်၌ အေးချမ်းစွာ ဆန္ဒမဲပေးခဲ့

Listing Description

တနိုင်း နိုဝင်ဘာ ၉

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဆောင်မ်ဆော့ရပ်ကွက် အ.ထ.က(၂) ကျောင်းမဲရုံအမှတ်(၁၁)တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယမန်နေ့ နံနက် ၆ နာရီမှစတင်၍ ပြည်သူများ စီတန်းစောင့်ဆိုင်းကာ ဆန္ဒမဲများပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဆန္ဒမဲပုံးများစစ်ဆေးခြင်းနှင့် မဲပုံး ချိပ်ပိတ်ခြင်းကို စောင့်ကြည့်သူ ပါတီအသီးသီးရှေ့တွင် ပြသဆောင်ရွက်ခဲ့သည်။ ဆန္ဒမဲလာရောက်ပေးသူများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည် ဖျန်းပေးခြင်းနှင့် နှာခေါင်းစည်းများ ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံအမှတ်(၁၁)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၄၂၄ ဦး ရှိပြီး မြို့နယ်ချုပ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၄၃၄၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)