သီရိမြိုင် (Candacraig Hotel)

Listing Description

သီရိမြိုင်ဟိုတယ်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ် (၆) ရပ်ကွက်၊ အနော်ရထာလမ်းတွင် တည်ရှိပါသည်။ ဘုံဘေဘားမားကော်ပိုရေးရှင်း (Bombay Burmah Trading Corporation Limited) ၏ ဥက္ကဌ Lwis Alexander Wallce က ၁၉၀၄ မှတည်ဆောက်ခဲ့ပြီး ထိုစဉ်ကရူပီးငွေ ၅၀၀၀၀ တည်ဆောက်စရိ ကုန်ကျခဲ့သဖြင့် ငါးသောင်းတိုက်ဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ကျွန်းသစ်ကို အများဆုံးအသုံးပြုတည်ဆောက်ထားပြီး ကျွန်းကြမ်းခင်းများ၊ ကျွန်းလှေကားကြီးများ၊ ဝရံတာများဖြင့် ခမ်းခမ်းနားနား တည်ဆောက်ထားပါသည်။ Candacraig ဟူသောအမည်မှာ ဘုံဘေဘားမားကော်ပိုရေရှင်းကို တည်ထောင်ခဲ့သော စကော့တလန်နိုင်ငံမှ Wallace ညီအစ်ကိုခြောက်ယောက် မွေးဖွာရာဇာတိဖြစ်သည့် Alberdeenshire နယ်မှ Candacraig မြို့၏အမည်ဖြစ်ပြီး ယခုအဆောက်အအုံကို တည်ဆောက်ခဲသူမှာလည်း Wallace ညီအစ်ကိုခြောက်ယောက်မှ အငယ်ဆုံးညီ ဖြစ်ပါသည်။ ခုနစ်ဧကကျော် ကျယ်ဝန်းသည့် ဝင်းခြံအတွင်း၌ သီရိမြိုင် အဆောက်အအုံနှင့်အတူ ရေကူးကန်၊ ပန်းခြံနှင့် ဝန်ထမ်းတန်းလျားတို့ကို ထည့်သွင်းတည်ဆောက်ထားပြီး ဘုံဘေဘားမားမှ လူပျိုဝန်ထမ်းများ တည်းခိုရန် ဆောက်လုပ်ခဲ့သည်ဟုလည်းဆိုကြကာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယခုအခါ သီရိမြိုင်အမည်ဖြင့် ဟိုတယ်ဖွင့်လှစ်ထားပါသည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် သီရိမြိုင် (Candacraig Hotel) အဆောက်အအုံကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-12-13 02:05:03

ဖေါ်ပြပေးပါ

ပြင်ဦးလွင်မြို့၌ သဇင်မြိုင်၊ နှင်းဆီမြိုင် ၊ရတနာမြိုင် ၊ မဲဇာမြိင် ၊ မြိုင်ဟေမာ ၊ မြိုင်ကြီး စသည့် မြိုင်အဆောက်အအုံများလဲရှိကြသည်။