သိန္နီဟော်နန်း

Listing Description

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့ရှိ ဟော်နန်းသည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ ဟော်နန်း ဖြစ်သည်။ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းသည် မြန်မာသက္ကရာဇ် ၁၂၇၃ခုနှစ်တွင် သိန္နီဟော်နန်းကို စတင်ဆောက်လုပ်ခဲ့ပြီး ၁၂၇၅ ခုနှစ် နယုန်လဆန်း (၁၃)ရက်နေ့တွင် ပြီးစီးသောကြောင့် ရွှေနန်းတော်ထီးတင်ပွဲနှင့်အတူ နန်းတက်ပွဲ ကျင်းပခဲ့သည်။ ယို့ယွင်းပျက်ဆီးမှုများကို ပြုပြင်ထိန်းသိမ်းမှုမရှိသောကြောင့် ဟော်နန်း၏ အောက်ခြေတစ်ထပ်သာကျန်ရှိတော့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ထိန်းသိမ်းစောင့်ရှောက်ထားသဖြင့် အများပြည်သူ ကြည့်ရှုလေ့လာနိုင်စရာအဖြစ် ကျန်ရှိနေပါသည်။   ယခုနောက်ပိုင်းတွင် အသစ်ပြုလုပ်ထားသော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းရုပ်တုနှင့် ရှမ်းဘာသာဖြင့် ရေးထားသည့်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ကျောက်တုံးများ ရှိသည်။