သက်စေ့ရန်အောင်စေတီ

Listing Description

တောင်ကြီးကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဖရဲမြောက်ရွာအတွင်းရှိ တောင်ကုန်းပေါ်၌တည်ရှိသည်။ ထိုစေတီတော်ကို ၁၉၆၈ ခုနှစ် ဧပြီလ ၁၆ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် တောင်ကျောင်ကြီးဆရာတော် ဘဒ္ဒန္တနရိန္ဒ ဦးစီး၍ မူလသဲပုံစေတီတော်ကို ဉာဏ်တော်အမြင့် ကိုးတောင်ပြည့် ထပ်ဆင့်၍ တည်ထားကိုးကွယ်ခဲ့သည်။ ဆရာတော်ဘုရားကြီး၏ သက်တော် ၇၅ နှစ် စိန်ရတုမင်္ဂလာ သက်တမ်းတော်ပြည့် အထိမ်းအမှတ်အဖြစ် ရည်ရွယ်၍ တည်ထားသောကြောင့် "သက်စေ့ရန်အောင်စေတီတော်" ဟုဘွဲ့အမည်တွင်သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် ဆရာတော်၏တပည့် ဦးဉာဏောဘာသက အာရုံခံနှင့်တကွ ဉာဏ်တော်အမြင့် ၁၅ ပေအမြင့် ထပ်မံ၍ပြုပြင်မွမ်းမံတည်ထားခဲ့သည်။