တောင်ကြီးတက္ကသိုလ်

Listing Description

တောင်ကြီးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၏ အဓိကတက္ကသိုလ်တစ်ခုဖြစ်ပြီး တောင်ကြီးမြို့တွင် တည်ရှိပါသည်။ တောင်ကြီးတက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များအတွက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်ပါသည်။ ၁၉၆၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် တောင်ကြီးကောလိပ် ကို မန္တလေးတက္ကသိုလ်၏ တွဲဖက်ကောလိပ်တစ်ခုအနေဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ် တက္ကသိုလ်ပညာရေးအက်ဥပဒေအရ တောင်ကြီးဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့သော်လည်း မန္တလေးတက္ကသိုလ်၏ အောက်တွင် ထားရှိခဲ့ပါသည်။ ၁၉၉၂ ခုနှစ် ဩဂုတ် ၁၇ ရက်နေ့တွင် သီးခြား လွတ်လပ်သည့် တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ပါသည်။ တောင်ကြီးတက္ကသိုလ်တွင် အဓိကပေးအပ်သည့် ဘွဲ့များမှာ ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များဖြစ်ပြီး၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းအချို့ကိုလည်း တက်ရောက်သင်ကြားနိုင်ပါသည်။