ထီးတန်ဆောင်ဂူဘုရား

Listing Description

ထီးတန်ဆောင်ဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ ရှေးဟောင်းဂူဘုရားတစ်ဆူဖြစ်ပါသည်။ ကျောက်ပန်းတောင်း- ညောင်ဦးကားလမ်း၏ ညာဘက်တွင် တည်ရှိပြီး ရှင်အရဟံမထေရ်မြတ်၏ ဓာတ်တော်မွေတော်တို့အား ဌာပနာတည်ထားသော စေတီဖြစ်ပါသည်။ ထီးတန်ဆောင်ဘုရားအား ထီးတန်ဆောင်းဟူ၍လည်းကောင်း၊ ဘုရားထီးဆောင်း ဟူ၍၎င်း ခေါ်တွင်ကြသည်။ ရှင်အရဟံသည် ထေရဝါဒဗုဒ္ဓဘာသာဟူသော ထီးကြီးဖြင့် လေမိုးတို့ မစွတ်စိုရအောင် တစ်နိုင်ငံလုံးအား မိုးကာပေးခဲ့သော ပုဂ္ဂိုလ်မြတ်ဖြစ်သည့် ဗုဒ္ဓ၏ ဓမ္မဝိနယ မီးတိုင်ဖြင့် အမှောင်ကိုခွင်း၍ အလင်းကို ဆောင်ခဲ့သူ သာသနာ့ အာဇာနည်တစ်ပါးလည်း ဖြစ်သည်။ ထို့ကြောင့် စေတီတော်မြတ်အား ထီးတန်ဆောင်း ဖြစ်စေ၊ ထီးတန်ဆောင် ဘွဲ့တော် ၂ မျိုးစလုံး သင့်မြတ်ကြောင်း ပုဂံရှေးဟောင်းသုတေသန အရာရှိ ဦးဗိုကေ(ဗြဟ္ဗစာရီ မွန်ဗိုကေ)က ပြောသွားခဲ့ဖူးပါသည်။