စိုးမြတ်နန္ဒာ

Listing Description

၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ အဖ အငြိမ်းစားဗိုလ်မှူး ဦးစိုးမြင့်နှင့် အမိ ဒေါ်ကြည်ကြည်ခင်တို့မှ မွေးဖွားခဲ့သည် ။ မွေးချင်းလေးယောက်တွင် အငယ်ဆုံးသမီးဖြစ်ပြီး အစ်မနှစ်ယောက်နှင့် အစ်ကိုတစ်ယောက်ရှိသည်။ အစ်မဖြစ်သူ စိုးမြတ်သူဇာသည်လည်း အောင်မြင်သော သရုပ်ဆောင်တစ်ယောက်ဖြစ်သည်။ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဗဟန်းတွင် ပညာသင်ကြားခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ကျော်ဟိန်း ရိုက်ကူးသော “ကံကောင်းလို့” ဇာတ်ကားတွင် ပထမဆုံး ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထိုနောက် ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် “ချစ်လိုက်တော့ ဝမ်းတူးသရီး” ရုပ်ရှင်ဇာတ်ကားတွင် ပထမဆုံး ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၀၁ ခုနှစ်တွင် “အချစ်ကိုမွေးဖွားခြင်း” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် “ချစ်ခြင်းငယ်ပြိုင်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် အဆိုတော် ဖြိုးကြီးနှင့် လက်ထပ်ခဲ့သည်။ သား မြတ်သောမောင်ကို မွေးဖွားပြီးနောက် ၂၀၀၇ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့သည်။

ရုပ်ရှင်များ

ချစ်လိုက်တော့ ဝမ်းတူးသရီး ၁၉၉၇

နှောင်ထုံးဖွဲ့ မေတ္တာ    ၁၉၉၉ 

အချစ်ဖြတ်သန်းရာ ဒေသ     ၂၀၀၀ 

ပုံလာလာ ပြောတိုင်းယုံ        ၂၀၀၁ 

ရင်ထဲမှာ ဘာညာဘာညာ     ၂၀၀၁

ဆေးပေါင်းခတဲ့ ည    ၂၀၀၁

အချစ်ကို မွေးဖွားခြင်း ၂၀၀၁ 

ပုဏ္ဏားဘကွန်း ၂၀၀၂

ဒဏ်ရာများနဲ့ အချစ်   ၂၀၀၂

ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်  ၂၀၀၂

စပျစ်ချိုနှင့် ချယ်ရီဝိုင် ၂၀၀၂

ငှက်ကလေးရဲ့ ဒဏ္ဍာရီ         ၂၀၀၃

ညွှန်းစာဖွဲ့လို့ မမှီ       ၂၀၀၃

ပေါက်ပေါက်မြောက်မြောက်  ၂၀၀၄

စတိုင်  ၂၀၀၄

အပြောင်းအလဲ          ၂၀၀၄

ပန်းဒဏ္ဍာရီ    ၂၀၀၄

ချစ်ခြင်းငယ် ပြိုင်      ၂၀၀၄ 

လျှို့ဝှက်သော နှင်း     ၂၀၀၄

သုံးသုံးလီ ချစ် ၂၀၀၅

ကျန်စစ်မင်း    ၂၀၀၅

ပျော်လိုက်ရအောင်    ၂၀၀၅

ဆဋ္ဌဂံ  ၂၀၀၅ 

မျှော်လင့်ခြင်းများစွာ   ၂၀၀၅

ရွှေမိုးသည်း    ၂၀၀၅

အမည်မဖော်လိုသူ အချစ်      ၂၀၀၈

လာထား အာဘွား     ၂၀၁၁

ချစ်တယ်ပြောမှ လွှတ်မယ်    ၂၀၁၂

ဥ        ၂၀၁၂

သေးသေးလေးပဲလား ကြီးကြီးလား   ၂၀၁၃

ရုံးပတီသီးလေးများ    ၂၀၁၆