ဆုတောင်းပြည့်အုတ်ကျောင်း

Listing Description

ဆုတောင်းပြည်အုတ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အနောက်ဖွားစောရွာ၏ အနောက်ဖက်၌ တည်ရှိပါသည်။ ခရစ်နှစ် ၁၂၉၉ ခုနှစ်တွင် စောနစ်မင်း၏ မိဖုရားကြီးဖွားစောမှ ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဆုတောင်းပြည့်အုတ်ကျောင်းတွင် စာပေကျမ်းဂန်ထားရှိသည့် ခန်းမဆောင်ကို လေ့လာကြည့်ရှုနိုင်ပြီး သံဃာတော်အပါး ၄၀ ခန့် သီတင်းသုံးနိုင်သည့် ကျောင်းဆောင်ငယ်များကိုလည်း စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါသည်။ ထို့ပြင် ဆုတောင်းပြည့်အုတ်ကျောင်းကြီး၏ ရှေ့ဘက်ရှိ အဆောင်မြင့်မိုရ်စွန်းမှ အင်္ဂတေပန်းများမှာ အထူးလက်ရာပြောင်မြောက်လှကြောင်း တွေ့ရှိနိုင်ပါသည်။