ပွဲကောက်ရေတံခွန်

Listing Description

ပွဲကောက်ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးလမ်း၊ ပွဲကောက်ရွာအနီးတွင် တည်ရှိပါသည်။ မဟာအံ့ထူးကံသာဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးအရှေ့ဘက်ရှိလမ်းမှ လွယ်ကူစွာသွားရောက်နိုင်သဖြင့် ပွဲကောက်ရေတံခွန်သည် အမြဲမပြတ်လူစည်ကားသော ရေတံခွန်တစ်ခုဖြစ်ပါသည်။။ ပွဲကောက်ရေတံခွန်သည် ပေ ၃၀ အမြင့်ရှိပြီး B.E Waterfalls ဟုလည်းခေါ်ဆိုကြပါသည်။ ဗြိတိသျှကိုလိုနီခေတ်ကမူ Hampshire Falls ဟု ခေါ်ဆိုကြသည်။ ရေတံခွန်အနီးရှိ ဈေးဆိုင်တန်းတွင် ပြင်ဦးလွင် ဒေသထွက် မက်မန်းဝိုင်၊ စတော်ဘယ်ရီဝိုင်နှင့် ဒေသထွက် အစားအစာများ၊ လက်ဆောင်များ၊ ပန်းပင်နှင့် ပျိုးပင်ငယ်များ ဝယ်ယူရရှိနိုင်ပါသည်။