ညေးညေးဘုရား

Listing Description

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရွာသာကြီးအုပ်စု၊ အိုင့်ကျောင်း ကုန်းကျောင်း၀င်းအတွင်း တည်ရှိပါသည်။ ဘုရားသမိုင်းရာဇဝင်အရ ပြည်မြို့၊ ရွှေဆံတော်ဘုရားသမိုင်းတွင် တွေ့ရှိရသည့် ဒွတ္တပေါင်မင်းကြီး၏ ကုသိုလ်တော်ဖြစ်သော ဗောဗောဘုရား၊ ညေညေဘုရား၊ ဆေးဆေးဘုရား၊ ယောယောဘုရား၊ သောကြမာဘုရား၊ သရိုင်မာဘုရား၊ မြင်ဗာဟုဘုရား၊ မြသိတင်ဘုရား၊ မြသိန်းတန်ဘုရားတို့အနက် ညေညေဘုရားစေတီတော်မှာ အရှင်ညေယျဓမ္မမှ စောင့်ကြပ်၍ တည်ထားကိုးကွယ်ခဲ့သဖြင့် ညေညေဘုရားဟူ၍ ဘွဲ့တော်တွင်ခဲ့သည်ဟုဆိုသည်။ ကာလကြာမြင့်လာသောအခါ ညေးညေးဘုရား၊ သည်းသည်းဘုရား၊ ရွှေအိုင့်ကြီးဘုရား၊ အိုင့်ဘုရားစသဖြင့် ဘွဲ့တော်များစွာ တွင်ခဲ့ပါသည်။