နဝဒေးတံတား

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဧရာဝတီမြစ်အား ဖြတ်သန်းဆောက်လုပ်ထားသော ကုန်စည်စီးဆင်းမှုအရ အချက်အချာကျသော တံတားတစ်စင်းဖြစ်ပါသည်။ တံတားကြီးကို ပြည်မြို့စာဆိုရှင် နဝဒေးအား ဂုဏ်ပြုသည့်အနေဖြင့် နဝဒေးတံတားဟု ခေါ်ဆိုအမည်ပေးထားသည်။ တံတားအရှည် ၄၁၈၃ ပေရှိပြီး နံနက်ခင်းနှင့် ညနေခင်းအချိန်များတွင် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သူများ၊ ဧရာဝတီမြစ်၏ အလှကိုကြည့်ရှုခံစားသူများဖြင့် စည်ကားလျက်ရှိသော တံတားကြီးဖြစ်ပါသည်။

#ဧရာဝတီမြစ်ကူးတံတား ဧရာဝတီတံတား