ရှမ်းကန်

Listing Description

ရှမ်းကန်သည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း အနီး၊ ဘုရားကိုးဆူ၏ မြောက်ဘက်တွင်ကပ်လျက်တည်ရှိသည်။ ပျဉ်းမနားမြို့ စတင်ဖြစ်တည်လာရာ တောင် ၄ တောင်၊ ကန် ၉ ကန်၊ ကုန်း ၉ ကုန်းထဲတွင် ရှမ်းကန်သည် တစ်ခုအပါအဝင်ဖြစ်သည်။ ရှမ်းကုန်သည်များ အခြေချ နေထိုင်ခဲ့ဖူးသဖြင့် ရှမ်းကန်ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း သိရသည်။ လက်ဖြင့်ယက်ကာ တူးဖော်ခဲ့ကြသဖြင့် ယခင်က လက်ယက်ကန်ဟု လည်းခေါ်ခဲ့ကြောင်းသိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က ကန်၏အလယ်ဗဟိုတွင် တောင်မြောက် သွယ်တန်းထားသော သစ်သားတံတား တစ်ခုရှိပြီး ယင်းတံတားကို မင်္ဂလာတံတားဟုခေါ်ခဲ့ကြသည်။ ယခုအခါ ယင်းတံတားသည် ကွန်ကရစ်တံတား အဖြစ်တည်ရှိနေပြီး တံတားပေါ်တွင် ငါးစာကျွေးရင်း ကုသိုလ်ယူနိုင်သည်။ ကန်ပတ်လည်တွင် အရိပ်ရပင်များစွာရှိပြီး အပန်းဖြေထိုင်ခုံလေးများ ထားရှိထားသဖြင့် ရှုချင်စဖွယ်ဖြစ်သည်။ မြို့ကျက်သရေဆောင်ကန်တစ်ခုဖြစ်ပြီး အပန်းဖြေလမ်းလျောက်ရန် အလွန်သင့်လျော်သော နေရာလေးတစ်ခုဖြစ်သည်။