ဇိနမာရ်အောင်စေတီတော်

Listing Description

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်တွင် တည်ရှိပါသည်။ သာကေတမြို့သစ်တည်စဉ် မြို့သူမြို့သားများ ကိုးကွယ်ကြည်ညိုနိုင်စေရန် ရည်ရွယ်၍ မြို့ဦးစေတီအဖြစ် ၁၉၆၁ ခုနှစ်တွင်  ၉.၈၆၆ ဧကအကျယ်အဝန်းကို ဘုရားဝတ္တကမြေအဖြစ် သတ်မှတ်၍ အုတ်မြစ်ချ စတင်တည်ထားခဲ့ပြီး မဟာစေတီတော်ဟု ဘွဲ့အမည် ခေါ်တွင်ခဲ့ပါသည်။ မြင်းခြံဆရာတော်ဘုရားကြီး စုဆောင်းပူဇော်ထားသော မြတ်စွာဘုရားရှင်၏ဓာတ်တော်များ၊ ရဟန္တာအရှင်မြတ်များ၏ ဓာတ်တော်များကို ဌာပနာထားရှိသည်ဟု သိရပါသည်။ ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မင်းကွန်းဆရာတော်ဘုရားကြီးကိုယ်တိုင် ယခင်မဟာစေတီအား အုတ်မြစ်စီ မင်္ဂလာအခမ်းအနားကျင်းပပေးခဲ့ပြီး မာရ်ငါးပါးကို အောင်မြင်သော ဇိနမာရ်အောင်စေတီတော်ဟု ဘွဲ့အမည်သမုတ်ခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၃၅ ပေရှိပါသည်။