မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (ရေဆင်း)

Listing Description

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် တိရစ္ဆာန်ဆေးကု ပညာမဟာဌာနအမည်ဖြင့် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်မှ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရွာသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၉၇ ခုနှစ်မတိုင်မီက သင်တန်းကာလမှာ ၆ နှစ်ဖြစ်ခဲ့သော်လည်း ၁၉၉၇ နှောင်းပိုင်းတွင် ၅ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့ပါသည်။ ၁၉၉၇ ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်မှ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့သည်။