မန္တလေးယဉ်ကျေးမှုပြတိုက်

Listing Description

မန္တလေးယဉ်ကျေးမှုပြတိုက်သည် မန္တလေးနန်းတော်၏အနောက်ဖက် လမ်း၈၀ နှင့် ၂၄ လမ်းထောင့်တွင် တည်ရှိပါသည်။ ရတနာပုံနေပြည်တော်ကို စိုးစံခဲ့သည့် မင်းတုန်းမင်း နှင့် သီပေါမင်းတို့၏ အသုံးအဆောင်များ၊ ဘုရင်ခံ၊ စစ်သူကြီး၊ ဝန်ကြီးတို့၏ အဆင်တန်ဆာအဝတ်အစားများ စသည်ဖြင့် ရတနာပုံခေတ်တွင် အသုံးပြုခဲ့သော အဆောင်အယောင်ပစ္စည်းများ ပြသထားပါသည်။ ပြတိုက်သည် တနင်္လာနေ့မှအပ ကျန်နေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ ဖွင့်လှစ်ပါသည်။