မင်းကြီးတောင်

Listing Description

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရန်ကုန်-ပြည်လမ်း နဝဒေးတံတားအနီးတွင် တည်ရှိပါသည်။ ကိုလိုနီခေတ်က အရေးပိုင်မင်းများ၊ အရာရှိကြီးများ နေထိုင်ခဲ့သဖြင့် မင်းကြီးတောင်ဟု အမည်တွင်သည်ဟု သိရပါသည်။ တောင်ပေါ်တွင် ကိုလိုနီခေတ် အဆောက်အအုံများရှိပြီး ၎င်းတို့အနက် တပြည်သူမရွှေထားစံအိမ်ကြီးမှာ လူသိများထင်ရှားပါသည်။ တက္ကသိုလ်ဘုန်းနိုင်၏ တပြည်သူ မရွှေထားဝတ္တုကို မင်းသား ကျော်သူ၊ မင်းသမီး မေသန်းနုတို့နှင့် ရုပ်ရှင်ရိုက်ကူးရာတွင် ဇာတ်ဝင်ခန်းအချို့ ယင်းစံအိမ်ကြီး၌ ရိုက်ကူးခဲ့သဖြင့် တပြည်သူ မရွှေထားအိမ်ကြီးဟု လူသိများပါသည်။ နှစ်ထပ်အဆောက်အအုံကြီးဖြစ်ပြီး စံအိမ်၏အပေါ်ထပ် ဝရန်တာမှ ဧရာဝတီမြစ်နှင့် မြစ်၏တစ်ဖက်ကမ်းရှိ ရှုခင်းအလှများကိုလည်း ကောင်းစွာတွေ့မြင်နိုင်ပါသည်။