မဟာပဏီတပရဟိတအောင်တော်မူစေတီတော်

Listing Description

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနောက်ဘက်ကမ်း ရွှေဘုံသာမုနိဘုရားအနီးရှိ ပရဟိတတောင်တော်ပေါ်တွင် တည်ရှိပါသည်။ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သည် ပုဂံခေတ်ဗိသုကာပညာရှင်များ၏ လက်ရာပုံစံအတိုင်း တည်ထားခြင်းဖြစ်ပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားသည့် ဝင်ပေါက်မုခ်လေးခုပါရှိသော လေးထောင့်တိုက်ခံစေတီတော်ဖြစ်သည်။ စေတီရံ ရှစ်ဆူရှိပါသည်။ စေတီတော်၏ မုခ်လေးမုခ်၌ ဉာဏ်တော်အမြင့် ၄ ပေခန့်ရှိ စကျင်ကျောက်ဆင်းတုတော် တစ်ဆူစီစံပယ်တော်မူလျက်ရှိပါသည်။ စေတီတော်မုခ်မှ ဝင်လိုက်သည်နှင့် နံရံများတွင် မဟာဗုဒ္ဓဝင် ဇာတ်လမ်းကို အကန့်လိုက်ရေးဆွဲထားသော ဆေးရေးပန်းချီများကို ဖူးမြင်နိုင်ပါသည်။ စေတီတော် ပရိဝုဏ်အတွင်း၌ ဘီလူးခံဘုရား၊ နဂါးရုံဘုရား၊ ကံ ငါးပါးစေတီတော်၊ မဟာဗောဓိပင်တို့ကို ဖူးမြင်ရမည့်အပြင် နှစ်သန်း ၃ဝ  ခန့်သက်တမ်းရှိ ကျောက်ဖြစ်ရုပ်ကြွင်း ကျောက်လိပ်ကြီးကိုလည်း တွေ့မြင်နိုင်ပါသည်။