မယ်စဲ့မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

Listing Description

မယ်စဲ့ နိုဝင်ဘာ ၈

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ယနေ့ နံနက် ၆ နာရီ မဲရုံဖွင့်ချိန်မှစတင်ပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးကြသည်။

မယ်စဲ့မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာန ဆိုင်ရာများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ ဆောင်ရွက်ပေးခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ဆန္ဒမဲလက်မှတ် များ စနစ်တကျထုတ်ပေးပြီး မဲပေးသူပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် မဲရုံ ကိုးရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၂၇၅ ဦးရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)