လွှမ်းပိုင်

Listing Description

ဟစ်ဟော့အဆိုတော်၊ တေးရေးနှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၁၉၈၉ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ အစ်ကိုဖြစ်သူ ကျော်ဆုမှာလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်။ နည်းပညာတက္ကသိုလ်(သန်လျင်)မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။

သူ၏ အဆိုတော်ဘဝကို တက္ကသိုလ်တက်စဉ်ကပင် စတင်ခဲ့သည်။ ပြင်ပအဆိုတော် (underground) အဖွဲ့ဖြစ်သော "89"တွင် သီချင်းရေး၊ သီချင်းဆိုခဲ့သည်။ မကြာမီတွင် အာဘွိုင်းနှင့် ဆက်သွယ်မိကာ ရော့ခ်စတား (Rock$tar) အဖွဲ့၏ နောက်ဆုံး အဖွဲ့ဝင်ဖြစ်လာသည်။ ထိုအချိန်မှစတင်၍ သူသည် ခေတ်ရေစီးကြောင်း အဆိုတော်များနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ထိုစဉ်က အောင်မြင်နေသော အဆိုတော်ရဲလေး၏ တတိယကာရံတေးစီးရီးမှ "မနှုတ်ဆက်ချင်ဘူး"သီချင်းတွင် ပါဝင်ခဲ့သည်။ ထိုသီချင်းတွင် ရဲလေး၊ အိမ့်ချစ်တို့နှင့်အတူ လွှမ်းပိုင်၊ ဘော်ဘီဆော်ဆာတို့ကပါ ပါဝင်သီဆိုခဲ့သည်။ ထိုသီချင်းဖြင့် စတင်ကာ လွှမ်းပိုင်ကို ပရိသတ်များ သတိပြုမိလာခဲ့သည်။ သူ၏ "ဒုံးပျံ"တေးစီးရီးမှ "ဒုံးပျံ"နှင့် "ဘိုကေ"သီချင်းတို့မှာ လူငယ် ပရိသတ်များအကြား ရေပန်းစားလာခဲ့ပြီး အောင်မြင်လာခဲ့သည်။ ထိုတေးစီးရီးမှာ သူနှင့် ဘော်ဘီဆော်ဆာတို့၏ စုံတွဲခွေဖြစ်ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ဤတေးစီးရီးမှာ ရွှေအက်ဖ်အမ်နှင့် စီးတီးအက်ဖ်အမ် နှစ်ခုလုံးမှ ပေးအပ်သော အကောင်းဆုံးတေးစီးရီးဆုကို ရရှိခဲ့သည်။ ရွှေတံဆိပ်ကို ရောင်းချပြီး ရရှိလာသော ငွေကျပ်တစ်သန်းကို မိဘမဲ့ကလေးများကို လှူဒါန်းခဲ့သည်။

ပထမဆုံး တစ်ကိုယ်တော်ခွေဖြစ်သော “ဂီတစာဆိုလွှမ်းပိုင်”ကို ၂၀၁၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထိုတေးစီးရီး၏ အမ်တီဗွီ ခွေဖြန့်ချိခဲ့သည်။ ထိုတေးစီးရီးမှ "မင်းရဲကျော်စွာဘိုနေတိုး" သီချင်းမှာ ရုပ်ရှင်အဖြစ်ပင် ရိုက်ကူးခံခဲ့ရသည်။ "ကိုကို"သီချင်းကို ဘော်ဘီဆော်ဆာနှင့် အိမ့်ချစ်တို့နှင့်အတူ တွဲ၍ သီဆိုခဲ့ပြီး ရွှေ အက်ဖ်အမ်မှ ပေးအပ်သော အကောင်းဆုံးသီချင်းဆုကို ရရှိခဲ့သည်။ ဒုတိယမြောက် တေးစီးရီးဖြစ်သော "ဂီတဗေဒ"ကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ သူ၏သီချင်းများကို ရုပ်ရှင်ဇာတ်ကားများတွင် ယူ၍ သုံးစွဲမှုများလည်းရှိခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗွီဗွီအချိုရည်မှ ကိုယ်စားလှယ်အဖြစ်နှင့် ၂၀၁၆တွင် vivo-Y55 ဖုန်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ရရှိခဲ့သောဆုများ

- ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၃ခုနှစ် (ဒုံးပျံ)( ရွှေ အက်ဖ်အမ်)

- ရောင်းအားအကောင်းဆုံးတေးစီးရီးဆု ၂၀၁၄ခုနှစ် (ဂီတစာဆို)( ရွှေ အက်ဖ်အမ်)

- အကျော်ကြားဆုံး အမျိုးသားတေးသံရှင်ဆု ၂၀၁၄ခုနှစ် (စီးတီးအက်ဖ်အမ်) The

- အကောင်းဆုံး ရပ်သီချင်းဆု ၂၀၁၄ခုနှစ်(ကိုကို)(Myanmar Music Awards)

- The Freshest Rap Song of the Monsoon (People Choice Award) ၂၀၁၄ခုနှစ်(ကိုကို) (Myanmar Music Awards)

- The Best MTV Award ၂၀၁၄ခုနှစ် (ငါတို့ဝေး)(Myanmar Music Awards)

- The Best Selling Male Artist Album Award of Year 2017, (ဂီတဗေဒ)(စီးတီးအက်ဖ်အမ်)

ရုပ်ရှင်

ငါ့ကိုနမ်းတဲ့မုန်တိုင်း (၂၀၁၈)

ကြွေ (၂၀၁၈)

ကိုယ်စောင့်နတ် (၂၀၁၈)

ဂျာကင်ဟောင်းလေး"(၂၀၁၆)

67 ပလာဇာ"(၂၀၁၈)

ရပ်ကျော်ရွာကျော်