ဒေါ်ခင်မမတိုက်

Listing Description

ကလောမြို့ အရှေ့မြို့ပတ်လမ်းတွင် တည်ရှိသည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်မြို့မှ ဂျူးလူမျိုး စီးပွားရေးလုပ်ငန်းရှင် မစ္စတာဆော်လမွန်က အားလပ်ရက်နေအိမ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အိမ်၏ လှပသောတံခါး၊ ပြတင်းပေါက်ဘောင်များ၊ မြင့်မားသည့် မီးခိုးခေါင်းတိုင်နှင့် ကြီးမားသော ပြတင်းပေါက်ကြီးများကြောင့် “နန်းတော်” ဟု ခေါ်ဝေါ်ကြသည်။ မှန်ပြတင်းပေါက်များ အများအပြား တပ်ဆင်ထားသောကြောင့် "The Glass House" ဟုလည်း လူသိများသည်။