ဝမ်ဖိုက်ဒီရေတောကြိုးဝိုင်း

Listing Description

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိသည့် အာရှတွင် ဒုတိယအကြီးဆုံး ဒီရေတောဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် ဒီရေတောကြိုးဝိုင်းအဖြစ် စတင်သတ်မှတ်ခဲ့ကာ ဧရိယာ ဧက ၅၆၆၀၀ ရှိသည်။ ဝမ်ဖိုက်ဒီရေတောကိုဖြတ်၍ ကျောက်ဖြူ- ရမ်းဗြဲ- မအီ ကားလမ်း ဖောက်လုပ်ထားပြီး ကားလမ်းပေါ်ရှိ မင်းကြောင်းတံတားမှာ ရခိုင်ပြည်နယ်တွင် အရှည်ဆုံးတံတားဖြစ်သည်။ ဝမ်ဖိုက်ဒီရေတောတွင် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင်ဖြစ်သော မြိုင်ကြီးပင်ကဲ့သို့ အပင်မျိုး ပေါက်ရောက်သည်။ မြိုင်ကြီးပင်မှာ ကမ္ဘာပေါ်တွင် နောက်ဆုံးသုံးပင်သာ ကျန်ရှိတော့ရာ အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ပင်နှင့် ဝမ်ဖိုက်ဒီရေတောတွင် တစ်ပင်ဟု သိရသည်။ လက်ရှိတွင် ဝမ်ဖိုက်တောတွင် မြိုင်ကြီးပင် ၁၄ ပင်ရှိသည်ဟု လေ့လာသူဒေသခံများက ဆိုသည်။ ဝမ်ဖိုက်ဒီရေတော စောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေး ကော်မတီကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ဖွဲ့စည်းထားသည်။