Kalaw Heritage Hotel

Listing Description

ရှမ်းပြည်နယ် ကလောမြို့ အမှတ်(၃)ရပ်ကွက် တက္ကသိုလ်လမ်းရှိ Kalaw Heritage Hotel သည် ဗြိတိသျှကိုလိုနီခေတ်ပြိုကွဲရေးမတိုင်ခင်ကတည်းက တည်ရှိနေသော ဟိုတယ် တစ်ခုဖြစ်သည်။ ၁၉၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၀၁ ခုနှစ်တွင်တည်ဆောက်ခဲ့သော ရန်ကုန်ရှိ Strand Hotel အပြီးတွင် မြန်မာနိုင်ငံ၏ဒုတိယသက်တမ်းအရင့်ဆုံး ဟိုတယ်ဖြစ်ပါသည်။ Tudor, Acorn နှင့် Pine ဟူ၍ ဟိုတယ် အဆောက်အဦး ၃ ခုရှိပါသည်။ ဟိုတယ်အနီးနားတွင် ကလောမြို့ဂေါက်ကွင်း၊ တန်ခိုးကြီး နှီးဘုရား များသို့ သွားရောက်နိုင်ပြီး တောင်ကုန်းတောင်တန်းများသို့လည်း လမ်းလျှောက်ထွက်နိုင်ကာ ကလောမြို့၏ သဘာဝအလှအပရှုခင်းများကို လေ့လာကြည့်ရှုနိုင်ပါသည်။