အမျိုးသားဇာတ်ရုံ(မန္တလေး)

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀ နှင့်၂၂ လမ်းကြား၊ နန်းရှေ့တွင် တည်ရှိသည်။ အရှေ့အနောက် ၂၈၀ ပေ တောင်မြောက် ၅၅၃ပေ ၊ အကျယ်အဝန်း ၃.၅ ဧက ကျယ်ဝန်းသည်။ အဆိုပါဇာတ်ရုံတွင် အခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲများ၊ အစိုးရဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားများ၊ အနုပညာလက်ရာပြပွဲ၊ ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်လေ့ရှိသည်။ ဇာတ်ရုံဝင်းအတွင်း၌ မန္တလေးမြို့၏ ကျော်ကြားသော အနုပညာရှင်အချို့၏ ပုံတူကြေးရုပ်တုများ ပြသထားသည်။