သုဓမ္မာဇရပ်များ

Listing Description

သုဓမ္မာဇရပ်များသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် တည်ရှိပြီး အရှေ့ဘက်တွင် ၆၅ လမ်းနှင့် စန္ဒာမုနိစေတီ၊ အနောက်ဘက်တွင် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်နှင့် မဟာဇောတိကာရာမ (စံကျောင်းတိုက်)၊ တောင်ဘက်တွင် ၁၂ လမ်းနှင့် ကျုံးမြို့ရိုး၊ မြောက်ဘက်တွင် မန္တလေးတောင် တည်ရှိသည်။ မင်းတုန်းမင်းကြီး၏ ကောင်းမှုဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်တွင် ဇရပ်ပေါင်း  ၃၃ ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုအခါ နှစ်ကာလကြာမြင့်မှု၊ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးကုန်သဖြင့် ၁၉ ဆောင်မျှသာ ကျန်ရှိပါသည်။ ခံ့ညားတောင့်တင်းသော သစ်သားတိုင်လုံးကြီးများနှင့် ထုပ်စွပ်လျောက်စွပ် တည်ဆောက်ခဲ့သော ရတနာပုံခေတ် သာသနာရေးဆိုင်ရာစာပြန်ပွဲများကျင်းပရာ အဆောက်အအုံများ ဖြစ်ပါသည်။