ဒဂုံတက္ကသိုလ်

Listing Description

ဒဂုံတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၃၃) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် တည်ရှိပါသည်။ အကျယ်အဝန်း ၁၅၈၂.၁၄ ဧက ကျယ်ဝန်းပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ် ပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်ပါသည်။ ၁၉⁠၉၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉⁠၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့ပါသည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ ၆၀⁠၀၀၀ ဖြစ်ပါသည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသား ကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရပါသည်။