ဓာတ်တော်ချိုင့်ရေတံခွန်

Listing Description

ဓာတ်တော်ချိုင့်ရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇)၊ အနီးစခန်းတွင် တည်ရှိပါသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဓာတ်တော်ချိုင့် ရေတံခွန် ဒုတိယ အဆင့်မှစတင်ကာ ရေမကျတော့သဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ အချို့အပါအဝင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ အကျယ် ၂ ပေခန့်ရှိ ရေယိုပေါက်မှတစ်ဆင့် မြေအောက်ကလိုင်ထဲသို့ ရေစီးဝင်သွားသောကြောင့် ရေမကျတော့ဘဲ တစ်ရက်ခန့်ကြာမြင့်ခဲ့ပြီး ရေယိုပေါက်ကို ပိတ်ဆို့ပြီးနောက် ဩဂုတ် ၁၂ ရက်နေ့တွင် ပြန်လည်ရေကျလာခဲ့သည်။ အမြင့်ပေ ၁၀၀၀ ဝန်းကျင်ရှိသော အဆင့် ၃ ဆင့်ရှိ ဓာတ်တော်ချိုင့် ရေတံခွန်သည် သဘာဝပတ်ဝန်းကျင်လှပသဖြင့် ပြည်တွင်းပြည်ပခရီးသွားအများစု စိတ်ဝင်စားသည် ရေတံခွန်တစ်ခုဖြစ်ပါသည်။