ဗိုလ်ချုပ်စမစ်ဒွန်း ၏ နေအိမ်

Listing Description

ကလောမြို့၊ မြို့ပတ်လမ်း၊ အမှတ်(၄၆) တွင်တည်ရှိသည်။ ကိုလိုနီခေတ် ဘန်ဂလိုအဆောက်အအုံ (ဆောက်လုပ်သည့်ခုနှစ်မသိရသော)သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး စစ်ဦးစီးချုပ် ဖြစ်လာခဲ့သူ ဗိုလ်ချုပ်စောစမစ်ဒွန်း (၁၉၀၆-၁၉၇၉) မကွယ်လွန်မီ နေထိုင်ခဲ့ရာ အိမ်ဖြစ်သည်။ ဗိုလ်ချုပ်စောစမစ်ဒွန်းသည် ၁၉၄၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး မြစ်ကြီးနားမြို့သို့  ဦးစွာ ပြောင်းရွှေ့သွားပြီးနောက် ပြင်ဦးလွင်တွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထို့နောက် မကွယ်လွန်မီအချိန်ထိ ကလောမြို့တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။ ယင်းအဆောက်အအုံအား  ဗိုလ်ချုပ်စောစမစ်ဒွန်း မိသားစုမှ ပိုင်ဆိုင်ဆဲ ဖြစ်သည်။