ရှရီ မဟာကာလီမယ်တော်ကြီး ဘုရားကျောင်း

Listing Description

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် ၆၂ လမ်းထောင့်တွင် တည်ရှိသည်။ ၁၈၉၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် ရှရီမဟာကာလီမယ်တော်ကြီးဘုရားကျောင်းကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။