အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်

Listing Description

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကုမုဒြာကြာပန်းအဝိုင်းအနီးတွင် တည်ရှိပါသည်။ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် စုဆောင်းထားသည့် မော်ကွန်းမှတ်တမ်းများမှာ မော်ကွန်းအုပ်စု (၂၉) အုပ်စုနှင့် ခေတ်အဆက်ဆက်အစိုးရ ထုတ်ဝေသော ပုံနှိပ်မော်ကွန်းတို့ဖြစ်ပြီး အကြောင်းအရာများ အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှု၊ ချမှတ်ခဲ့သော မူဝါဒများ၊ မူဝါဒကို အကောင်အထည်ဖော်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတော်၏ ပိုင်ဆိုင်မှု များဖြစ်သည့် နယ်နမိတ်စာချုပ်များ၊ လွတ်လပ်ရေး ရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့သော စာချုပ် စာတမ်းများ၊ ပြည်ပနိုင်ငံများနှင့်သံတမန်ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာချက်များ၊ စီမံကိန်းလုပ်ငန်းများနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပချုပ်ဆိုသော စာချုပ်စာတမ်း/ စာချွန်လွှာများ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြန်တမ်း၊ အရေးကြီး အစည်းအဝေးမှတ်တမ်းများ၊ ပြည်နယ်တိုင်းများ၏ Gazetteers များ၊ အစီရင်ခံစာများ၊ စီမံကိန်း၊ စီမံချက်၊ ကိန်းဂဏန်း စာရင်းအင်းများစသဖြင့် မော်ကွန်း/မှတ်တမ်းများ ဖြစ်ပြီး၊ အကျုံးဝင် ကာလ အနေဖြင့် ဗြိတိသျှအုပ်ချုပ်ရေးကာလမှ ယနေ့အထိ (၁၈၂၄-၂၀၂၀ ပြည့်နှစ်) ဖြစ်ပြီး နိုင်ငံတော်၏ သမိုင်းစာမျက်နှာတွင် အထင်ကရမော်ကွန်း မှတ်တမ်းများ ထိန်းသိမ်းရာနေရာ ဖြစ်ပါသည်။