အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကလော

Listing Description

ကလောမြို့ မင်းလမ်းတွင် တည်ရှိသည်။ ကလောမြို့၏ ပထမဆုံးသော အစိုးရ အထက်တန်းကျောင်း ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်မကြာမီ ၁၉၄၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ယခင်က စစ်ဦးစီးတက္ကသိုလ်သို့ သွားရာလမ်းတွင် တည်ရှိသော်လည်း ၁၉၅၉ ခုနှစ်တွင် ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းအဆောက်အအုံသည် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တွေ့နေကျ အစိုးရကျောင်းများ ပုံစံများအတိုင်းဖြစ်ပြီး အုတ်နံကပ် နှစ်ထပ်တိုက်ပုံစံအဆောင်ရှည် ဖြစ်သည်။