ကင်းစ်ဝုဒ် (Kingswood) ကျောင်းအုပ်ကြီးအိမ်

Listing Description

ကလောမြို့ ဓမ္မစင်္ကြာလမ်း ကင်းစ်ဝု (Kingswood) ကျောင်း အနီးတွင် တည်ရှိသည်။ ၁၉၂၀ ပြည့်နှစ်တွင် ကင်းစ်ဝု(Kingswood) ကျောင်းမှ ကျောင်းအုပ်ကြီးနေထိုင်ရန်အတွက် မက်သဒစ်အဖွဲ့မှ တည်ဆောက်ခဲ့သည်။ ယင်းအိမ်တွင် ကျောင်းအုပ်ဆရာကြီး ခုနစ်ဦး နေထိုင်ခဲ့ပြီ နောက်ဆုံးနေထိုင်ခဲ့သူမှာ မစ္စတာရှီ ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ပြည်သူပိုင်သိမ်းခံခဲ့ရသည်။ လက်ရှိတွင် ပုဂ္ဂလိကပိုင် ကိုယ်ပိုင်အိမ်အဖြစ် အသုံးပြုလျက်ရှိသည်။