အင်းပြင်ဗလီ

Listing Description

ကလောမြို့ အင်းပြင်ရွာတွင် တည်ရှိသည်။ ပထန်လူမျိုးစုဟု ခေါ်ကြသော ပထန်မွတ်ဆလင်များမှ ၁၉၁၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ပထန်မွတ်ဆလင်များမှာ အာဖဂန်နစ္စတန် မြောက်ပိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ၎င်းတို့၏မူလဒေသမှ အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့လာသူများဖြစ်သည်။ သူတို့သည် မီးရထားလမ်းဖောက်လုပ်ရေးတွင် အလုပ်လုပ်ရန်အတွက် ကလောမြို့သို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောသူများ၏ သားစဉ်မြေးဆက်များသည် ဗလီဝန်းကျင်တွင် နေထိုင်နေကြဆဲဖြစ်သည်။ ဗလီအဆောက်အအုံသည် ရိုးရှင်းသော်လည်း ကြည့်ကောင်းသည့် ကျယ်ဝန်းသော ဆုတောင်းခန်းမပါရှိသည့် တစ်ထပ်တိုက် ဖြစ်သည်။