ဇေတဝန်ဘုန်းတော်ကြီးကျောင်း

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် မူးသားအုပ်စု ကစောက်ဖာကျေးရွာ၌ တည်ရှိသည့် နှစ်ပေါင်း ၁၀၀ နီးပါးသက်တမ်းရှိ ဘုန်းတော်ကြီးကျောင်း ဖြစ်ပါသည်။ သက္ကရာဇ် ၁၂၈၆ ခုနှစ် တပို့တွဲလဆန်း ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ကနန်းဒေသစိတ်မှ လက်သမားဆရာ ၁၅ ဦးနှင့် ကစောက်ဖာကျေးရွာမှ ရွာသူရွာသားများဝိုင်းဝန်း၍ စတင်တည်ဆောက်းခဲ့ပါသည်။ ကနန်းတိုင်းရင်းသားတို့၏ ရှေးရိုးလက်ရာ ယင်းဘုန်းတော်ကြီးကျောင်းသည် အလျား ၁၅၀ ပေ၊ အနံ ပေ ၁၀၀ နှင့် အမြင့် ၄၀ ပေရှိပြီး ဥရုတိုင် ခြောက်တိုင်မှာ တစ်တိုင်လျှင် အရှည်ပေ ၄၀ ရှိပါသည်။ ထို့အတူ လုံးပတ် ၃ ပေ ၁၀ လက်မရှိသော ကျွန်းသားတိုင် ၁၅၉ တိုင်၊ အခန်းပေါင်း ၁၂၉ ခန်း၊ လှေကား ၄ စင်းပါရှိသည်။