အယ်ဖြူ (၁၉၇၂ − ၂၀၀၄)

Listing Description

ဂစ်တာသမား၊ တေးရေး၊ တေးဆို ဂီတအနုပညာရှင်တစ်ဦး ဖြစ်သည်။ အထူးသဖြင့် The Ants မြန်မာအော်တာနစ်တေ့ဗ်ဂီတဝိုင်း၏ တေးရေး၊ တေးဆို၊ ဘေ့စ်ဂစ်တာသမား အဖြစ် လူသိများသည်။

ဦးထွန်းပေါ်၊ ဒေါ်တင်မေ တို့မှ ၁၉၇၂ ခု၊ မေလ ၆ ရက်တွင် တောင်ကြီး၌ မွေးသည်။ မောင်နှမ (၈) ယောက်အနက် (၇) ယောက်မြောက် ဖြစ်ပြီး အမည်ရင်းမှာ နိုင်အောင်ထွန်း တွင်သည်။

အထက်တန်းကို အထက (၆) တောင်ကြီး မှ အောင်မြင်သည်။ ဘောဂဗေဒကို ဒုတိယနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ တက်ခဲ့သည်။

၁၉၉၅ ခုတွင် အိမ်ထောင်ပြုသည်။

၂၀၀၄ ခု မေလ ၂၇ ရက်တွင် ဗဟိုရ်စည်ဆေးရုံ၌ ကွယ်လွန်သည်။

ရေးသားခဲ့သော သီချင်းများ

အသည်းကွဲရေဒီယို

အိပ်မက်မြစ်                      

ခြောက်ခမ်းသွားသော အိပ်မက်မြစ်

မင်းမရှိရင် မဖြစ်လို့                      

အသည်းကွဲညနေခင်းများ     

သက်တမ်းမဲ့                      

နှုတ်ဆက်ပါတယ်     

သီဆိုသော သီချင်းများ

နောက်ဆုံး    

မီးရထား

မသေချာတော့ဘူး

အိပ်မက်ထဲက ရထားကြီး

ငို

အိပ်မက်ထဲ    

စတုတ္ထအိပ်မက်        

ကြယ်စင်လေးအတွက်         

လရောင်ငတ်သောည

နောက်ကျတဲ့အကြောင်း