အာဘွိုင်း

Listing Description

အာဘွိုင်းကို မြိတ်မြို့တွင် ၁၉၈၆ ခု၊ ဇန်နဝါရီလ ၁၃ ရက်တွင် ဦးစိန်ဝမ်နှင့် ဒေါ်မဉ္ဇူထွန်း တို့မှမွေးဖွားသည်။ အမည်ရင်းမှာ ကျော်ဖြိုးထွန်း ဖြစ်သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမတစ်ယောက်၊ ညီတစ်ယောက် ရှိသည်။ အာဘွိုင်းသည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၏ တူ တော်စပ်သူလည်း ဖြစ်သည်။

မြန်မာ နိုင်ငံတကာကျောင်း (International School of Myanmar) မှ အထက်တန်း အောင်သည်။

၂၀၀၂ ခု၊ ကျောင်းသားဘဝ၌ပင် အနုပညာလှုပ်ရှားမှု စသည်။ ရော့စတားအဖွဲ့တွင် ပါဝင်ကာ တစ်ကိုယ်တော်တေးစီးရီးထုတ်ရန် စိုင်းပြင်းသည်။ ၂၀၀၇ ခုတွင် “တရုတ်တန်း” အမည်ရှိ တေးစီးရီးကို ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက်တွင်မူ စီးပွားရေးဘက်ကို အလေးပါကာ ဂီတလှုပ်ရှားမှု နည်းသွားသည်။

မိသားစုမှာ လုပ်ငန်းအများအပြား ပိုင်ဆိုင်ရာ မြန်မာလိုက်တင် အိုင်ပီပီ (Myanmar Lighting IPP) ကုမ္ပဏီနှင့် ဘီးဒေါ့ (Bedok) ဆောက်လုပ်ရေးတို့တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူ လုပ်ကိုင်လျက် ရှိသည်။ ဖြူ့ (FUSE) ကလပ်ကိုလည်း စပ်တူပိုင်သည်။

၂၀၀၆ ခုတွင် အဆိုတော် စင်ဒီနှင့် လက်ထပ်ရာ သမီး ၂ ယောက်ရသည်။ ထို့နောက် ကွာရှင်းကြသည်။

၂၀၁၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်တွင် မော်ဒယ်နှင့် သရုပ်ဆောင် မြတ်ရတနာကျော်နှင့်လက်ထပ်ပြီး သမီး စကားလက်ဖြိုးထွန်း ကို ၂၀၁၈ ခုတွင် မွေးဖွားခဲ့သည်။