ကမမောင်းမြို့၌ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိ

Listing Description

ကမမောင်း နိုဝင်ဘာ ၈

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုအရေစီ အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများ အနေဖြင့် ယနေ့ နံနက် ၆ နာရီမှ စတင်ကာ ဆန္ဒမဲများလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မဲရုံအသီးသီးသို့ လာရောက် ဆန္ဒမဲပေးလျက်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေး အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆန္ဒမဲပေးနိုင်ရန် မဲရုံတာဝန်ရှိသူ များက အပူချိန်တိုင်းပေးခြင်း၊ ရေမလို လက်သန့်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်း၊ N 95 နှာခေါင်း စည်းများ ဝေငှပေးခြင်း၊ စနစ်တကျ တန်းစီစောင့်ဆိုင်း၍ ဝင်စေခြင်း စသည်တို့ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက လိုအပ်သည် များ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ကြီးကြပ်ဆောင်ရွက်

မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲ ပေးနေမှုအခြေအနေကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က မိမိတို့တာဝန်ကျရာမဲရုံများ တွင် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့ပေါ် ရပ်ကွက် လေးရပ်ကွက်နှင့် ကျေးရွာ အုပ်စု သုံးအုပ်စု၊ မဲရုံပေါင်း ၁၁ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၅၀၄၀ ရှိပြီး မွန်းတည့် ၁၂ နာရီအထိ ဆန္ဒမဲ ပေးပြီးသူ ၅၁၈၇ ဦးရှိကြောင်း သိရ သည်။

လင်းသန့်(ပြန်/ဆက်)