ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ကြံ့ခိုင်ရေးပါတီတောင်းဆို

11-Nov-2020

တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်လို့ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကပြောလိုက်ပါတယ်။

ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့က ကြံ့ခိုင်ရေးပါတီ ဌာနချုပ် ရုံးခွဲမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောကြားခဲ့တာပါ။

မဲရုံတွေမှာ ဆရာဆရာမတွေ အင်အားမလုံလောက်လို့ လုပ်အားပေးလူငယ်တွေခေါ်တဲ့နေရာမှာ NLD လူငယ်တွေဖြစ်နေတာ၊ ကြိုတင်မဲပေးတဲ့ရက်ကို အောက်တိုဘာ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်လို့သတ်မှတ်ထားပေမယ့် နိုဝင်ဘာ(၇)ရက်အထိကြိုတင်မဲပေးခိုင်းတာ အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွေးကောက်ပွဲရက်နီးချိန်မှာ ဆန်ဆီတွေပေးတာ၊ NLD ကိုမဲထည့်ရင် ငွေလေးသောင်းပေးမယ်ဆိုတာနဲ့ မဲဆန္ဒရှင် စလစ်တွေပေးခဲ့တာဟာ မဲနှစ်ခါပေးတဲ့ဖြစ်စဉ်တွေဖြစ်စေခဲ့တယ်ဆိုပြီး လည်းပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ-ညိုလဲ့ရည်(ဘီဘီစီမြန်မာပိုင်း)

ဘီဘီစီမြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

စွပ်စွဲပြောဆိုမှုအတွက် ပြန်တောင်းပန်ဖို့ USDP ပါတီကို ဆရာ၊ဆရာမတွေတောင်းဆို