ရန်ကုန်တိုင်း အစိုးရရုံးကို ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယာယီပိတ်ထား

14-Dec-2020

ရန်ကုန်မြို့တော်ဝန်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး နှစ်ဦး  Covid 19 ကူးစက်ခံရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ရှစ်ရက်ကြာ ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။ တိုင်းအစိုးရရုံးအတွင်း ရောဂါကူးစက်မှုရှိခဲ့တဲ့နောက် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ပိတ်ထားလိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး နဲ့ ဇနီး၊ ကိုယ်ရေးအရာရှိနဲ့ ယာဉ်မောင်းတို့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝန်ကြီးတွေ နဲ့ ရုံးဝန်ထမ်းတွေကို ရောဂါစစ်ဆေးခဲ့ပါတယ်။ ထပ်မံစစ်ဆေးချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ သစ်တောစွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း နဲ့ ရုံးဝန်ထမ်း လေးဦးမှာ ကိုဗစ်ရောဂါ ထပ်မံ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြို့တော်ဝန် ဦးမောင်မောင်စိုးနဲ့ ဝန်ကြီးဦးဟန်ထွန်းတို့ဟာ တောင်ဥက္ကလာဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

RFA Burmese