ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် မုံရွာမဲဆန္ဒနယ်မှာ အနိုင်ရ

09-Nov-2020

ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဝင်ရောက် ယှဉ်ပြိုင်တဲ့ မုံရွာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကအနိုင်ရရှိခဲ့ တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြိုင်ဘက်ပါတီတွေကို မဲအရေအတွက်(၂)သိန်း ကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို အမျိုးသားလွှတ်တော်အတွက်ဒေါ်သီတာဝင်းက မဲအရေတွက် (၁၉၀၀၀၀) ကျော်နဲ့ အနိုင်ရရှိထားတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေမယ့် သက်ဆိုင်ရာ ကိုယ်စားလှယ်တွေ ရဲ့ မဲရေတွက်မှုရလာဒ်တွေအရ သိရပါတယ်။

တိုင်း(၁)နေရာမှာတော့ ဒေါ်အမာကြည်က မဲအရေတွက် (၈)သောင်းကျော်နဲ့ အနိုင်ရရှိ ခဲ့ပြီး တိုင်း (၂) နေရာမှာတော့ ဒေါ်အောင်ကြည်က မဲအရေအတွက် (၁)သိန်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ - ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။