ပရိသတ် အချစ်​​တော် လူရွှင်​တော်ဧရာ ကွယ်လွန်

20-Dec-2020

ရန်ကုန်   ဒီဇင်ဘာ   ၁၉
ပရိသတ်များကို​  ပျော်​စေသူ၊   မျိုးဆက်သစ်လူရွှင်​တော်​ မြောက်မြားစွာကို​   မွေးထုတ်​ပေးခဲ့သူ    သရုပ်​ဆောင်၊ လူရွှင်​တော် ဧရာ(ဦးဧရာမြိုင်)သည် ယနေ့နံနက် ၃ နာရီ ၃၉ မိနစ်က ရန်ကုန်ပြည်သူ့​ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့​ ကြောင်း  သိရပြီး  ယ​နေ့တွင်ပင်  သင်္ဂြိုဟ်ပြီးစီး​ကြောင်း မိသားစုဝင်တစ်ဦးက​ ပြောပြသည်။
နို၀င်ဘာ၂၉ ရက် ည​နေက​ နေအိမ်၌ရှိစဉ် အောက်ဆီဂျင် ထိုးကျလာသည့်အတွက်      ရန်ကုန်ပြည်သူ့​ဆေးရုံကြီး သို့ တင်ပို့ခဲ့ရခြင်းဖြစ်​ကြောင်း သိရသည်။   ဆေးရုံကြီး တွင် ထပ်မံစစ်​ဆေးချက်အရ ကိုဗစ်-၁၉ ​ရောဂါပိုး​တွေ့ရှိရ သည့်အတွက်  အထူးကြပ်မတ်​ဆောင်တွင်​   စောင့်​ရှောက်​ဆေးကုသမှုခံယူ​ခဲ့ရသည်။
လူရွှင်​တော်ဧရာကို  ကြည့်မြင်တိုင်မြို့နယ်၌  ဖခင် ဦးထွန်းရင်-မိခင်​ဒေါ်ခင်မာရီတို့က     ၁၉၆၀   ပြည့်နှစ် နို၀င်ဘာ ၂၀ ရက်တွင်​ မွေးဖွားခဲ့သည်။​​ မွေးချင်း​ခြောက်​ယောက်အနက် တတိယ​မြောက်ဖြစ်သည်။
အနုပညာ​လောကသို့      ကြည့်မြင်တိုင်မြို့နယ် ပန်းတဉ်းတန်း အရုဏ်​တော်ဝတ်အသင်းကြီး၏​ ရွှေပြား သင်္ကန်း​တော်များ လှည့်လည်ပူ​ဇော်ပွဲအခမ်းအနား အက ဝိုင်းများမှ      စတင်ပါဝင်လာခဲ့ပြီး   “ပန်းတဉ်းမောင်”၊ "ယဉ်ကျေး​မောင်အကအဖွဲ့”များတွင် အရပ်အ​ပျော်တမ်း လူရွှင်​တော်များဖြစ်သည့်     ဦးသာလှ(ကွယ်လွန်)၊ ဦးဝင်း​မောင်(ကွယ်လွန်)တို့နှင့်တွဲ၍ နယ်ပွဲများတွင်လှည့်လည် ကပြခဲ့ကြသည်။  ထို့​နောက် “ခင်မာချို”အငြိမ့်အဖွဲ့တွင် ယ​နေ့​အောင်မြင်​နေ​သော       သရုပ်​ဆောင်လူရွှင်​တော် ​​ကျော်ထူးနှင့်တွဲ၍ စတင်ဝင်​ရောက်ခဲ့ကြောင်း မိသားစုဝင် တစ်ဦး၏​ပြောပြမှုအရ သိရသည်။

အငြိမ့်​လောကတွင် ​  ကျော်ထူး၊ ဧရာ၊​  အောင်ပန်း (ကွယ်လွန်)တို့နှင့် အတွဲများခဲ့ကြသည်။ မြဝတီရုပ်မြင်သံကြား တွင် “လူရွှင်​တော်​ရွှေဖလား”အစီအစဉ်ဖြင့်  မျိုးဆက်သစ် လူရွှင်​တော်​မြောက်မြားစွာကို​ မွေးထုတ်​ပေးခဲ့သည်။ ရုပ်မြင် သံကြား​ကြော်ငြာကဏ္ဍတွင် သရုပ်​ဆောင်မျိုးသန္တာထွန်း နှင့်တွဲ၍ရိုက်ခဲ့​သော “ကေသီပန်​သွေးပုပ်ချ​ဆေး”​ကြော်ငြာ မှာ​ရေပန်းစားခဲ့​သော​ကြော်ငြာတစ်ခုဖြစ်ခဲ့သည်။ စာ​ပေ​ လောကအတွက် “နွား​ကျောင်းသား အိပ်မက်တစ်ဆယ့်​ ခြောက်ချက်” နှင့်  “ဟင်းချက်မစားတဲ့ရပ်ကွက်” စာအုပ် နှစ်အုပ်ကို​   ရေးသားထုတ်​ဝေခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီးဖြစ်သူ​ ဒေါ်ခင်သီတာမြင့်၊ သမီး ယမုံခင်(ခ)ဝိုင်းချစ်နှင့်​မြေး​မောင်အာဂတို့ ကျန်ရစ်ခဲ့ကြသည်။  
     
 တင်ဝင်းတင်
ဓာတ်ပုံ-ဧရာဖေ့စ်ဘွတ်