ပိုးကူးခံထားရတဲ့ နာကူဥက္ကဋ္ဌ ဦးကျော်သူ ကျန်းမာရေးကောင်းမွန်

06-Nov-2020

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူဟာ ဝေဘာဂီဆေးရုံမှာ ဆေးကုသခံယူနေရာ ကျန်းမာရေးကောင်းမွန်တယ်လို့ သူနဲ့အတူရှိနေတဲ့ သရုပ်ဆောင်ထွန်းကိုကိုက ပြောပါတယ်။

ဦးကျော်သူကို ပြုစုရင်းနဲ့ အတူဆေးကုသခံယူနေတာလို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

ဦးကျော်သူက နှလုံးသွေးကြော ခွဲစိတ်ထားတဲ့သူ ဖြစ်တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေက ဆေးစစ်တာ၊ သွေးစစ်တာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေကို အပြည့်အဝ လုပ်ပေးနေတဲ့ အကြောင်း၊ ပိုးကူးစက်ခံထားရပေမယ့် ရောဂါလက္ခဏာပြတာတွေလည်း မရှိဘဲ သိပ်မကြာခင် ရက်ပိုင်းမှာပဲ ဆေးရုံကဆင်းခွင့်ရတော့မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

သူတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ ဆေးရုံကိုရောက်ရှိနေတာဖြစ်ပြီး ဒီနေ့နဲ့ ဆို ၁၆ရက်ကြာပြီဖြစ်ပါတယ်။

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ပိုးကူးစက်ခံရပေမယ့်လည်း နာရေးကူညီမှုအသင်းရဲ့ လုပ်ငန်းတွေကို ဆက်ပြီး လုပ်ကိုင်နေကြရာမှာ ဒီရက်ပိုင်းတွေအတွင်း တစ်ရက်ကို ရုပ်အလောင်း ၂၅ လောင်းကနေ ၃၀ အထိ ကူညီပို့ဆောင်ပေးနေတယ်လို့လည်း နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။