ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက UEC ထံ ကန့်ကွက်လွှာတင်သွင်းထားမှု ၂၀၀ ခန့်ရှိ

28-Dec-2020

■ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုရှိခဲ့တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၀၀ နီးပါးရှိတယ်လို့ USDP ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းရမယ့် နောက်ဆုံးရက်က ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ဖြန် ဖြစ်ပါတယ်။  

RFA