ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ထုတ်ပြန်

11-Oct-2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့် အမှတ် ၁၂၄/၂၀၂၀

၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်

(၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ ၁၀ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ နယ်မှ လက်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 covID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)တွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ၂၀-၉၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့်လည်းကောင်း၊ နေအိမ်တွင်သာနေထိုင်ရန် စည်းကမ်း ချက်မှ ခြွင်းချက်ဖြင့် ခွင့်ပြုသူများတွင် ဖြည့်စွက်ချက်ကို ၂၂-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၀၈/ ၂၀၂၀ ဖြင့်လည်းကောင်း၊ ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်သော လက်စားလုပ်ငန်း(CMP) စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ၅-၁၀-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၁၃ ၂၀၂၀ ဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။       သို့ရာတွင် covD-19 ရောဂါ ကူးစက်ပြန့်ပွားနေမှုများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှုများပြားနေသော မြို့နယ်များအား Stay at Horne ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဆိုပါဒေသများရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ကြောင်း စိစစ်တွေ့ ရှိပါသည်

။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် covID-19 ရောဂါကာကွယ်ရေးနှင့်ပတ် သက်၍ ကော်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက်နှင့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၄။      သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အပိုဒ် ၃ ပါညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထား ခြင်း ရှိ/ မရှိကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါ ကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်းတွေ့ရှိပါက ကုန် ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေး စား၊ အလတ်စားလုပ်ငန်းများအား ၁၂-၁၀-၂၀၂၀ ရက်မှစ၍ Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

 

(ဒေါက်တာမြင့်ထွေး)

ပြည်ထောင်စုဝန်ကြီး