ကာကွယ်ဆေးထိုးဖို့ ဘယ်သူ့ကိုမှ မချန်ဘူး

22-Dec-2020

တချို့က ကာကွယ်ဆေး ထိုးပြီးလို့ရှိရင် ပြီးသွားတာပဲဆိုပြီးတော့ ပေါ့ပေါ့တွက်ပါလိမ့်မယ်။ ဒါပေမယ့် ကာကွယ်ဆေးကို တစ်တိုင်းပြည်လုံးကို ကျွန်မတို့ထိုးပေးရမှာပါ။ ကျွန်မတို့နိုင်ငံမှာ ဘယ်သူမှမကျန် ဖို့ပေါ့။ ဒါတော့ ကျွန်မတို့ရဲ့မူပါပဲ။ ဘယ်သူ့ကိုမှ မချန်ခဲ့ဘူး။ အားလုံးကို ကျွန်မတို့ကနေပြီးတော့  ကျန်းမာရေးအရ ကာကွယ်မှုပေးဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ ဒါပေမယ့် အားလုံးကို တစ်ချိန်တည်း ထိုးပေးနိုင်တာတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် တစ်နိုင်ငံလုံးအတွက် ပြီးမြောက်အောင်လို့ ဆိုရင် လနဲ့ ချီပြီးတော့ ကြာမှာပါ။ ဒါကြောင့် အခု၊ ဒီနေ့၊ မနက်ဖြန်၊ သန်ဘက်ခါ လောက် ပြီးသွားမယ်လို့ အဲဒီလိုမယူဆပါနဲ့။ ကျွန်မတို့ကာကွယ်ဆေးတွေဟာလည်း ဒီလတော့ စပြီး ထိုးနိုင်မယ့် အခြေအနေတော့ ကျွန်မ မမြင်ပါဘူး။ အဲဒီတော့ မှာထားတာတွေရှိတယ်။ အစီအစဉ်တွေ တော့ လုပ်ပြီးသားပါ။ ဒါပေမယ့် ဟိုဘက်ကလည်း ရောက်လာဖို့လည်း  လိုပါသေးတယ်။ အစောဆုံး တော့ ကျွန်မတို့ လုပ်ပါမယ်။ နောက်ပြီးတော့ စလုပ်ပြီးတဲ့အချိန်ကနေပြီးတော့လည်း    နောက်တွက် လိုက်မယ်ဆိုရင် လနဲ့ချီပြီးတော့ကြာမှ  တစ်တိုင်းပြည်လုံးကို ပြီးသွားမှာပါ။ ဒီကြားထဲမှာ ကျွန်မတို့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ဒီကြားထဲမှာ ဒီရောဂါထပ်ပြီးတော့ ဖြစ်နေမယ်ဆိုရင် ကျွန်မသတိပေးတဲ့ အတိုင်းပဲ၊ အရင်စောစောက သတိပေးတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ နိုင်ငံရဲ့စီးပွားရေးပေါ့။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့အတွက် နှောင့်နှေးသွားပါလိမ့်မယ်။ အဲဒီဟာအတွက် အထစ်အငေါ့ ဖြစ်ပါလိမ့်မယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၁-၁၂-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)