ဗြိတိန်တော်ဝင်မင်းသားဝီလျံ ဧပြီလအတွင်းက ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း ဗြိတိန်မီဒီယာများပြော

03-Nov-2020

လန်ဒန် နိုဝင်ဘာ ၂

ဗြိတိန်တော်ဝင်မင်းသား ဝီလျံ ဧပြီလအတွင်းက ကိုဗစ်-၁၉ ကူးစက် ခံခဲ့ရကြောင်း ဗြိတိန်မီဒီယာများ တွင် ဖော်ပြသည်။ ကိန်းဘရစ် မြို့စား ဝီလျံသည် ဧပြီလအတွင်းက ကိုဗစ် -၁၉ ကူးစက်ခံရပြီး နန်းတော်မှ ဆရာဝန်များ၏ဆေးကုသမှုခံယူခဲ့ရ ကြောင်း၊ ထို့နောက် မိသားစုနေအိမ် ၌ပင် ကိုဗစ် -၁၉ စည်းကမ်းများနှင့် အညီ ခွဲနေထိုင်ခဲ့ကြောင်း သည်ဆန်း သတင်းစာတွင် ဖော်ပြထား သည်။

ကူးစက်ခံရစဉ်အတွင်း အသက်ရှူ အလွန်ခက်ခဲခဲ့ရာ အနီးအနားရှိလူများ ထိတ်လန့်ခဲ့ရသည်ဟု ဖော်ပြထား သည်။ သို့သော်လည်း ဧပြီလအတွင်း ဝီလျံသည် တယ်လီဖုန်းနှင့် ဗီဒီယို ခေါ်ဆိုမှု ၁၄ ကြိမ် လုပ်ဆောင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အခြားသောဝန်ထမ်းများ၏ ကလေး များနှင့် အင်တာနက်မှ တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။

မင်းသားဝီလျံသည် ၎င်းကူးစက် ခံထားရကြောင်း ပြည်သူကိုအသိမပေး လိုဘဲ ၎င်းအတွက် ပြည်သူများ စိတ်ပူမှုမဖြစ်စေလို ဟု သည်ဆန်းတွင် ဖော်ပြထားသည်။ ၎င်း၏ဖခင်ဖြစ်သူ မင်းသားချားလ်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့တွင် မတ်လ နှောင်းပိုင်းက ကိုဗစ် -၁၉ ကူးစက် ခံရကြောင်း အတည်ပြုခဲ့ကြသည်။

ဗြိတိန်နိုင်ငံတွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူအရေအတွက် မှာ ၄၆၀၀၀ အထိ ရှိလာပြီဖြစ် သည်။

ကိုဗစ်- ၁၉ ကြောင့် သေဆုံးမှု နှုန်းမှာလည်း ပြီးခဲ့သည့်အကြိမ်နှင့် နှိုင်းယှဉ်လျှင် ယခုလာမည့် ဆောင်း တွင်းကာလ၌ နှစ်ဆ ရှိလာနိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်က သတိပေးထား သည်။ နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အင်္ဂလန်တစ်လွှားတွင် တင်းကျပ် သည့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ် မည်ဟု ဘောရစ်ဂျွန်ဆင်က ကြေညာ ခဲ့သည်။ အဆိုပါ ကန့်သတ်မှုအောက် တွင် စားသောက်ဆိုင်များ၊ အားကစား ခန်းမများ၊ အရေးမကြီးသည့် ဈေးဆိုင် များနှင့် ဘာသာရေးအဆောက်အအုံ များကို ပိတ်ထားရမည်ဖြစ်သည်။ နိုဝင်ဘာ ၁ ရက်တွင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၃၂၅၄ ဦး ထပ်မံ တွေ့ရှိခဲ့ရသည်။

အင်န်အိတ်ခ်ျကေ