ဗြိတိန်မှာ Covid 19 ကာကွယ်ဆေး ဒီနေ့ စထိုးမည်

08-Dec-2020

ဗြိတိန် နိုင်ငံမှာ အင်္ဂါနေ့ကစလို့ နိုင်ငံတဝန်းကို ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး စပြီး ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် ကျန်းမာရေး ဝန်ကြီး Matt Hancock ကတော့ အင်္ဂါနေ့ဟာ အောင်ပွဲနေ့လို့ တနလာၤနေ့မှာ ပြောဆိုသွားပါတယ်။

"UK တနိုင်ငံလုံးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ဖြန့်ဝေမယ့် မနက်ဖြန်ဟာ အောင်ပွဲ နေ့ ဖြစ်ပါတယ်။ ဒါဟာ ကပ်ဘေးရောဂါကို အဆုံးသတ်နိုင်ရေး အတွက် အစဖြစ်ပါတယ်" လို့ ကျန်းမာရေး ဝန်ကြီးက တနလာၤနေ့မှာ ပြောဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အပေါ် ကာကွယ်ဆေးရဲ့ သက်ရောက်မှုကို မသိရသေးကြောင်း၊ ဗိုင်းရပ်စ်ရဲ့ ဘေးဒဏ်သင့်မှု မရှိအောင် ကာကွယ်ပေးတာကိုတော့ သိတဲ့ အကြောင်း ဝန်ကြီးက ပြောပါတယ်။

ကာကွယ်ဆေး စတင် ဖြန့်ချိတာနဲ့ အတူဘဲ ဒီအချက်ကို အသေအချာ စောင့်ကြည့် သုံးသပ် သွားမယ်လို့လည်း ဗြိတိန် ကျန်းမာရေး ဝန်ကြီးက ပြောဆိုပါတယ်။ အမေရိကန် Pfizer နဲ့ ဂျာမနီ BioNTech တို့ ပူးတွဲ ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဗြိတိန်က ကျန်းမာရေး ဝန်ထမ်းတွေ၊ သက်ကြီး စောင့်ရှောက်ရေး ဂေဟာက လူတွေနဲ့ သူတို့ကို စောင့်ရှောက်နေသူတွေကို အင်္ဂါနေ့မှာ ပထမဆုံး ကာကွယ်ဆေး ထိုးနှံပေးမှာ ဖြစ်ပါတယ်။

VOA News