အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်  ကလေးငယ် စုစုပေါင်း နှစ်သန်းကျော်ရှိလာ

31-Dec-2020

ဝါရှင်တန်    ဒီဇင်ဘာ   ၃၀
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့နှံ့မှု  ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကလေးငယ်စုစုပေါင်း နှစ်သန်းကျော်ရှိလာခဲ့ကြောင်း အမေရိကန်ကလေးအထူးကု အကယ်ဒမီနှင့် ကလေးဆေးရုံအဖွဲ့အစည်း၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းမှာပင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးငယ် ၁၇၉၀၀၀ နီးပါးရှိခဲ့ကြောင်းလည်း အမေရိကန် ကလေးအထူးကုအကယ်ဒမီနှင့် ကလေးဆေးရုံအဖွဲ့အစည်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးအရေ အတွက်သည် နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းရှိခြင်းကြောင့် ကလေးဦးရေ တစ်သိန်းလျှင် ၂၆၅၈ ဦးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၉၉၇၇၇၀၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၃၄၆၅၇၉ ဦးရှိခဲ့ကာ ပြန်လည်ကျန်းမာ လာ၍ ဆေးရုံများမှ ဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၈၄၄၄၇၂ ဦးရှိခဲ့ကြောင်းလည်း သိရသည်။                              

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်