အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၁၆၁ ဦး သေဆုံးခဲ့

04-Nov-2020

ဂျကာတာ နိုဝင်ဘာ ၃

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၁၆၁ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာ အသင်းမှ ယနေ့ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။

သေဆုံးသွားသည့် အဆိုပါ ဆရာဝန်များသည် ၎င်းတို့တာဝန်ထမ်းဆောင်နေကြစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် သေဆုံးသွားခြင်းဖြစ် ကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအသင်း၏ ရောဂါလျှော့ချသက်သာစေရေးအဖွဲ့ အကြီးအကဲ အာဒစ်ဘ်ခူမိုင်ဒီက ပြောကြားသည်။

သေဆုံး

အရှေ့ဂျာဗားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် ဆရာဝန် ၃၃ ဦးသေဆုံးခဲ့ပြီး အင်ဒိုနီးရှား နိုင်ငံရှိ ပြည်နယ်နှင့် ဒေသများအနက် သေဆုံးမှု အများဆုံးဖြစ်လာခဲ့သည်။ ထို့အတူ မြို့တော် ဂျကာတာ၌ ၂၄ ဦး၊ မြောက်ဆူမတြား၌ ၂၃ ဦး၊ အနောက်ဂျာဗား၌ ၁၂ ဦးနှင့် အလယ်ဂျာဗား၌ ၁၀ ဦးစသည်ဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန်များ အသီးသီးသေဆုံးခဲ့ကြသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ