ဇာဒက်ကြီးကျွန်း

Listing Description

မြိတ်မြို့၏အနောက်တောင်ဘက် မိုင် ၁၅၀ ခန့်အကွာ ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းကြီး တစ်ကျွန်းဖြစ်ပါသည်။ အလျား ၁၈မိုင် အနံ ၇ မိုင်ကျယ်သည်။ ကျွန်း၏အမည်ဟောင်းမှာ စိန့်မက်သရူး (Saint Mathew island) ဖြစ်သည်။ ယခု မြန်မာ့တပ်မတော် ရေတပ်စခန်းရှိရာ ဇာဒက်ကြီးကျွန်းဖြစ်သည်။ သန္တာကျောက်တန်းများ၊ ရေအောက်မှ အဏ္ဏဝါမျိုးစိပ်များဖြင့် အကောင်းဆုံး snorkeling ကျွန်းအဖြစ်ခရီးသွားအများစုမှ လက်ခံထားသော ကျွန်းတစ်ခုဖြစ်ပါသည်။