ရွှေကျောင်းဆောင်ကြီး

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၏ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက်တွင် ရတနာပုံခေတ် မင်းတိုင်ပင်အမတ်ကြီး ကင်းဝန်မင်းကြီး ဦးကောင်းက သက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် တည်ဆောက်လှူဒါန်းခဲ့သော ကျောင်းဦးပြသာဒ် ရွှေကျောင်းဆောင်ကြီး တည်ရှိပါသည်။ ယင်းရွှေကျောင်းဆောင်ကြီးသည် လက်တစ်ဖက် သိုင်းဖက်စာအရွယ်အစား သစ်မျိုးစုံ တိုင်အလုံးရေ ၁၂၉ လုံးဖြင့် တည်ဆောက်ထားရှိသော (ယခင်) ပျဉ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ကျောင်းဆောင်ကြီးဖြစ်ပြီး ကျောင်းဆောင်ကြီး၏ ဘုရားဆောင်နှင့် ကျက်သရေခန်းများတွင် ရတနာပုံခေတ် လက်ရာ မှန်စီရွှေချ တံကဲကြီး များကိုတွေ့မြင်လေ့လာနိုင်ပါသည်။ ရွှေကျောင်း ဆောင်ကြီး၏ ကုသိုလ်ရှင် ကျောင်းဒါယကာ ကင်းဝန်မင်းကြီး ဦးကောင်းသည် ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနေ(အဘ) ဦးမှို၊ (အမိ) ဒေါ်မင်းဆီတို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မွေးချင်း ခြောက်ဦးရှိသည့်အနက် ကင်းဝန်မင်းကြီး ဦးကောင်းသည် တတိယမြောက်သား ဖြစ်ကြောင်း သိရသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-02-21 05:02:41

လက်ရှိ ပြန်လည်ပြုပြင်ထိမ်းသိမ်းထား သော အကြောင်းအရာ အားဖေါ်ပြနိုင်ပါက ပိုမိုပြည့်စုံမည်ဟုထင်ပါသည်